ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများစာရင်း စိစစ်ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများစာရင်း စိစစ်ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်




ကသာ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများစာရင်း  စိစစ်ကောက်ယူခြင်းလုပ်ငန်းများကို မတ်လ ၁၉ ရက်နေ့မှစ၍ ကသာမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကသာမြို့ပေါ်ရှိ ရပ်ကွက်များ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများစာရင်းကို ကသာမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ ပူးပေါင်းပါဝင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများစာရင်း စိစစ်ကောက်ယူမှုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမဖြစ်စေရေးအတွက် ကသာမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


ကျော်စွာထွန်း(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)