ကျောက်ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး



MNP ၊ကျောက်ပန်းတောင်း မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများနှင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို၊ မတ်လ ၈ ရက်နေ့ နံနက် (၁၁:၅၀) နာရီက ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့် တာဝန်ရှိသူများသည်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်တာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ဖွင့်လှစ်မည့် လက်ပန်ပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ဦးစွာ ဝင်ရောက် စစ်ဆေးကြပြီး၊ ရေ/မီး လိုအပ်ချက် မရှိစေရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်စေရေးအတွက် အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးကို  စနစ်တကျ ဆောင်ရွက်ကြရန် တို့ကို သက်ဆိုင်ရာ ကျောင်းအုပ်နှင့် တာဝန်ကျဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများအား မှာကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၃-၂၀၂၄ ခုနှစ် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၃၆.၆)သန်းဖြင့် ငွေတောင်ဝန်းကုမ္ပဏီမှ ဆောင်ရွက်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းရှေ့ ရေမြောင်းအုတ်စီခြင်းလုပ်ငန်းနှင့် သံကူကွန်ကရစ် တံတားတည်ဆောင်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ခရိုင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နယ်စပ်ရေးရာဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့်၊ ရွာလပ်ကျေးရွာ အဝင်လမ်း ကျောက်ချောလမ်း (၇)ဖာလုံခင်းခြင်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ပုပ္ပားအခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနရှိ၊ စာမေးပွဲခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)