ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နတ်တလင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နတ်တလင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု





MNP ၊နတ်တလင်း  မတ် ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကြည့်ရှုစစ်ခဲ့သည်။

ဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် တာပွန်မြို့၊ ရေကြည်ကျေးရွာအုပ်စုရှိ နတ်တလင်း-တာပွန်-မိုးညိုသွား ကားလမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ မင်းတဲလမ်းဆုံ ကွန်ကရစ်လမ်းခင်းကျင်းနေမှုအားလည်ကောင်း၊ တာပွန်မြို့၊ တက်နေမင်းလမ်းခင်းကျင်းနေမှုအားလည်ကောင်း၊ တာပွန်-ကုန်းသာ-နတ်တလင်းသွား ကားလမ်းခင်းကျင်းထားရှိမှုအားလည်ကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ရွာမရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ ပြည်သူ့ဆေးရုံသစ် တည်ဆောက်ပြီးစီးမှု အခြေအနေအား လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပြီး ရန်ကုန်-ပြည်လမ်းရှိ နတ်တလင်းခရိုင် လမ်းဦးစီးဌာနရုံးသို့ ရောက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောသန္တာမင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)