ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နတ်တလင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နတ်တလင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု





MNP ၊နတ်တလင်း  မတ် ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကြည့်ရှုစစ်ခဲ့သည်။

ဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် တာပွန်မြို့၊ ရေကြည်ကျေးရွာအုပ်စုရှိ နတ်တလင်း-တာပွန်-မိုးညိုသွား ကားလမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ မင်းတဲလမ်းဆုံ ကွန်ကရစ်လမ်းခင်းကျင်းနေမှုအားလည်ကောင်း၊ တာပွန်မြို့၊ တက်နေမင်းလမ်းခင်းကျင်းနေမှုအားလည်ကောင်း၊ တာပွန်-ကုန်းသာ-နတ်တလင်းသွား ကားလမ်းခင်းကျင်းထားရှိမှုအားလည်ကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ရွာမရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ ပြည်သူ့ဆေးရုံသစ် တည်ဆောက်ပြီးစီးမှု အခြေအနေအား လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပြီး ရန်ကုန်-ပြည်လမ်းရှိ နတ်တလင်းခရိုင် လမ်းဦးစီးဌာနရုံးသို့ ရောက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောသန္တာမင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)