တောင်ဒဂုံမြို့နယ်တွင် နေအိမ်ကို တရားမဝင် ဗလီအဖြစ် ဆောင်ရွက်နေသည့်အပေါ် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဒဂုံမြို့နယ်တွင် နေအိမ်ကို တရားမဝင် ဗလီအဖြစ် ဆောင်ရွက်နေသည့်အပေါ် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟုဆို










MNP ၊ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်၅၇ရပ်ကွက်၊ မဟူရာလမ်းတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဗလီအဖြစ် ဝတ်ပြုနေခြင်းကို ရပ်ကွက်နေပြည်သူများမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားထားသဖြင့် ယနေ့ သွားရောက်စစ်ဆေးရာ နေအိမ်ကို ဗလီအဖြစ် အသုံးပြုနေသည်မှာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပြီး တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ သိရသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ ဦးသုစိတ္တ က "တောင်ဒဂုံမှာက နေအိမ်ကို ဝတ်ပြုရာကနေ အာရဗီ၊ အာရဗီကနေ ဗလီပေါ့။ အဲဒါကို ဦးဇင်းတို့ ဒီနေ့ သွားလိုက်တယ်။ မြို့နယ် မစဖအဖွဲ့ဝင်တွေပါတယ်။ ရဲတပ်ဖွဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးတွေပါတယ်။ တာဝန်ရှိသူတွေလည်း ပါတယ်။ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါကြတော့ ဗလီအင်္ဂါရပ်နဲ့အညီဖြစ်အောင် လုပ်ထားတာတွေ့ရတယ်။ ရပ်ကွက်နေပြည်သူ ၆၉ ဦး က လက်မှတ်ရေးထိုးပြီး တိုင်တယ်။ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးကိုလည်း တိုင်ထားတယ်။ ဦးဇင်းတို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)ကိုလည်း တိုင်ကြားထားတဲ့အကြောင်း စာပို့ထားတာ ရှိတယ်။ အဲဒီ တရားမဝင် ဗလီလုပ်နေတာကို ခွင့်ပြုပေးဖို့ ဆိုပြီးတော့ ဦးဆောင်တဲ့ ကုလား ၃ဦးက တိုင်တဲ့သူတွေကို လက်မှတ်လိုက်ထိုးခိုင်းတာမျိုး ရှိတယ်။ ဒါပေမယ့် ရပ်ကွက်နေပြည်သူတွေက ထိုးပေးထားတာ မရှိပါဘူး။ အုပ်ချုပ်ရေး၊ သာသနာရေးရဲ့ ခွင့်ပြုချက် ရထားတာလည်း မရှိပါဘူး။ တာဝန်ရှိသူတွေက ဥပဒေအရ ဆောင်ရွက်ပေးဖို့ ပြောတယ်။ ဦးဇင်းတို့ကလည်း ဥပဒေအရ ဆောင်ရွက်ပေးဖို့တိုက်တွန်းတယ်။ ရပ်ကွက်နေပြည်သူတွေက မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) လို့ လိပ်မူပြီးတော့ ပို့ထားသလို သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တိုင်ကြားထားပြီးဖြစ်ပါတယ်။" ဟု မိန့်ကြားသည်။

ရပ်ကွက်နေပြည်သူများ၏ တိုင်းကြားမှုအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်များနဲ့အတူ တောင်ဒဂုံမှ မျိုးချစ်သွေးဓမ္မကွန်ယက်အဖွဲ့ဝင်များ လိုက်ပါသွားခဲ့ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ သွားရောက်ဆွေးနွေးတင်ပြ၍ မစဖအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)