ရေးမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်




MNP ၊ ရေး     မတ်     ၉

မွန်ပြည်နယ်  ရေးမြို့နယ်တွင်  မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်

လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးသန်းဌေးအောင် က မီးဘေးအန္တရာယ်

ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်

အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်း

လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ 

ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊

ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲနီထွန်းနှင့် ဌာနဆိုင်ရာများကတက်ရောက်ကြည့်ရှု ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)