ကန်ကြီးထောင့် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်း- ရွာသစ်ကုန်း ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အတွင်းရေးမှူး ရဲမှူးစိုးကြည်တို့က မဂူကျွန်း- ရွာသစ်ကုန်း ကျောက်ချောလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာသူများမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော မဂူကျွန်း-ရွာသစ်ကုန်း ကျောက်ချောလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါ ကျောက်ချောလမ်းသည် အလျား (၉၀၀)ပေ၊ အနံ (၁၂)ပေနှင့် (၆)လက်မထုရှိပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား များစွာအကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment