ပဲခူးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

 



ပဲခူး မတ် ၂၉

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များအနေနှင့် အဂတိလိုက်စားမှုမြောက်နိုင်တဲ့ ကိစ္စရပ်တွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်၍အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဟာ လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာနိုင်ပြီး နိုင်ငံအနေနှင့်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုများခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုတွေကို ယိုယွင်းပျက်စီးနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသည် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အဓိကအရေးပါသူများဖြစ်သလို  နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား  ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသား ရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်ဖြစ်ပြီး အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ ပုံရိပ်ကောင်းမွန်လာမှာကာ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့်  လူမှုအသိုက်ဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး လက်တွဲညီညီ ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အနေနှင့်လည်း ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ မိမိကိုယ်တိုင်ပါဝင်ကြရန်နှင့် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်ဒေါ်ကြူကြူဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာကြသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ သိရှိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)