ကလေးမြို့ရှိ ဆည်မြောင်းရုံးနှင့် သစ်တောရုံး မီးလောင်ပြာကျမှု လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့ရှိ ဆည်မြောင်းရုံးနှင့် သစ်တောရုံး မီးလောင်ပြာကျမှု လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ခရိုင်ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးတို့ မတ်လ ၁၇ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါမီးလောင်မှုမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင် အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်စဉ်တွင် မျက်မြင်တွေ့ရှိသူ ပြည်သူ တစ်ဦး၏ပြောကြားချက်အရ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ်များ မီးကူးစက် လောင်ကျွမ်းမှုမရှိစေရန် အတွက် မီးငြိမ်းသတ်ရန် ရောက်ရှိလာသည့် ပြည်သူများကို တားဆီး၍ အဆိုပါရုံးများတွင် မိုင်းများထောင်ထားသည်ကို  ပြည်သူများကို ခြိမ်းခြောက်၍ပြန်ခိုင်းခဲ့ကြောင်း၊ ခရိုင် ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်း မရှိသည်မှာ လအတော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီသိရှိစေရန် ရေးသားထုတ်လွှင့်ခြင်း မရှိဘဲ သတင်းတု၊ သတင်းအမှား များဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။


#News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)