နေပြည်တော်၊ မတ် ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မတ်လ ၁၇ ရက်နေ့ ၁၇၃၀ အချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ သီဟစိုး နှင့် စိုင်းဝန်းကျောက် တို့အားစစ်ဆေးရှာဖွေရာ ၎င်းတို့သယ်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄.၉၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၁၈ ၄၅ အချိန် စိုင်းဝန်းကျောက် နေထိုင်သည့် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
သီဟစိုး(၃၃)နှစ် နှင့် စိုင်းဝန်းကျောက်(၃၄)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News

No comments:
Post a Comment