ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ရပ်ကွက် (၃ ) ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ရပ်ကွက် (၃ ) ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများပြုလုပ်ဆောင်ရွက်

  



ရွှေတောင် မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် 

မီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ ယမန်နေ့ ညနေပိုင်းကမီးဘေးလုံခြုံရေးများအတွက် ရပ်ကွက် (၃ ) ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ပွင့်လင်းရာသီသို့ရောက်ရှိလာ၍ မြို့နယ်အတွင်းမီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက်ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် မီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက်မီးဘေးအသိ/သတိရှိစေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် အိမ်တိုင်းအိမ်တိုင်းတွင် မီးချိတ်၊မီးကပ်နှင့်သဲ၊ရေတို့ပြည့်စုံစွာထားရှိရန်၊ မီးသုံးစွဲရာတွင် မြေကျင်းတူး၍ မီးမလောင်နိုင်သော အကာအရံဖြင့် ချက်ပြုတ် ပြီး သုံးစွဲပြီးလျှင် မီးကြွင်းမီးကျန်မရှိစေရန် စနစ်တကျ ငြိမ်းသတ်ဖုံးအုပ်ထားရှိရန်၊ မီးဖိုအနီး မီးလောင်လွယ်သော ပစ္စည်းများနှင့် လောင်စာဆီများထားသိုခြင်းမပြုရန် ၊သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များအားထမင်း/ ဟင်းချက်ခိုင်းခြင်းမပြုလုပ်စေရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုး၊ ပျက်စီးချို့ယွင်းနေသော မီးခေါင်းမီးခလုတ်များ အသုံးမပြုရန်၊ စက်ရုံ၊အလုပ်ရုံများနှင့်စားသောက်ဆိုင်များတွင် မီးဘေးကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိရန်စသည့်အချက်များအပါအဝင် မီးဘေးလုံခြုံရေး အချက်များအား လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)