ကလေး၊ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကမ္ဘောဇဘဏ် (၂) အနီး တွင် မတ်လ (၁၈) ရက် နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ ထောင်ထားသည့်ဗုံး ပေါက်ကွဲမှုကြောင့် (၅) နှစ်အရွယ် ကလေးအပါအဝင် သားအဖ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တံတားတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့်ဗုံး ပေါက်ကွဲခဲ့ပြီး အနားရှိ ဒေသခံ (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာရရှိသူများအနက် ကြို့သုံးပင်ရပ်ကွက်နေ မောင် David Thang Sian Vaan အသက် (၅)နှစ်နှင့် ၎င်း၏ ဖခင်ဖြစ်သူ သုံးဘီးဆိုင်ကယ်(ဆိုက်တွဲ) ယာဉ်မောင်း ဦး Pa Thang Suan Pau တို့နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သူများ ကလေးပြည်သူ့ဆေးရုံတွင် ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေေ ကြာင်း လူမူကူညီရေးအသင်းများထံမှ သိရသည်။
#News

No comments:
Post a Comment