ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

 



ကျိုက်ထို မတ် ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ်ပညာရေးမှူးဦးမောင်ညိုက ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် တွေ့ရှိချက်များကိုစနစ်တကျ မှတ်တမ်းတင်ထားနိုင်ရန်၊ မိဘ ၊ ဆရာနှင့် ကျောင်းသားများက ကျန်းမာရေးကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များကို မိဘများနှင့်ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ကိုယ်ရေးအချက်အလက်ရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်း၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးမှုအခြေအနေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အသက်(၅)နှစ်မှ (၁၉)နှစ်အတွင်းရှိ ကျား၊ မကိုယ်အလေးချိန် အရပ်၊ အမြင့်နှိုင်းယှဉ်တွက်ချက်ခြင်း၊ သွားနှင့်ခံတွင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ နားပြည်ယိုခြင်း၊ နားလေးခြင်း၊ အာသီး‌ရောင်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းကြီးခြင်းနှင့်အခြားလက္ခဏာများကို ကျန်းမာရေးပညာရှင်(၃)ဦးနှင့် ပညာရေးဝန်ထမ်း(၁)ဦးတို့က သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ(၃၀၂)ဦးတို့အား  နှစ်ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)