သထုံ မတ် ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တေဇခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် သထုံမြို့နယ် တွဲဘက်ပညာရေးမှူးဒေါ်သန်းဆင့်က ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီတို့၏ ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရေး၊ မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်စေရေးတို့အတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကား ပြောကြားသည်။
သင်တန်းတွင် ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်း၊ ကျောင်းနေအရွယ် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာသိကောင်းစရာများ၊ အဝေးကြည့်မှုန်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်၊ ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်း လုပ်ငန်းလမ်းညွှန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများစသည်တို့ကို ကျန်းမာရေးပညာရှင်များက သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၄၀၀)ဦးကျော်အား နှစ်ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment