မိုင်းတုံမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများပိတ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းတုံမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများပိတ်ပွဲ အခမ်းအနားကျင်းပ





မိုင်းတုံ  မတ်  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းပိတ်ပွဲ အခမ်းအနားကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်က   မိုင်းတုံမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်၊ ခရိုင်/တိုင်းဒေသကြီးနှင့် မြို့နယ်ကိုယ်စားပြု အားကစားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ဖြစ်လာနိုင်စေရန်နှင့် နိုင်ငံတော်၏အားကစား ကဏ္ဍမြှင့်တင်ခြင်းလုပ်ငန်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများ ပြုလုပ်‌ပေးရခြင်းဖြစ် ကြောင်း၊ နွေရာသီကာလအတွင်းအားကစား(၅) မျိုးဖြင့်သင်တန်းပေးခဲ့သည့် အားကစားလူငယ်များကလည်း မိမိတို့စိတ်ဝင်စားရာ ကစားနည်းများကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် သင်ယူခဲ့ပြီးသည့် အားကစားများကို အားလပ်ချိန်တွင်နေ့စဉ် စနစ်တကျပုံမှန်‌ လေ့ကျင့်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီးနောက် နွေရာသီအားကစားသင်တန်းဆင်းလက်မှတ်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းက ပေးအပ်ရာ   ဖူဆယ်၊ ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ခြင်းလုံး တို့တွင်တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခြင်း၊ ထူးချွန်သော သင်တန်းသား၊သင်တန်းသူများကိုလည်း ဆုများချီမြှင့်ပေးခဲ့ကြောင်း မြို့နယ်အားကာတာဝန်ခံ ဦး‌ကျော်ဇင်လတ်ထံမှသိရှိရသည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)