ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

 



ကသာ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ဈေးကြီးနှင့် သီရိခေမာဈေးတို့တွင် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒအရ အကျုံးဝင်သူများစာရင်း စိစစ်ကောက်ယူမှုနှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမဖြစ်စေရေးအတွက် ကသာမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

ကသာမြို့မဈေးကြီးနှင့် သီရီခေမာဈေးတို့တွင် ဈေးရောင်း/ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ကသာမြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကျော်စွာထွန်း(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)