နေပြည်တော်၊ မတ်လ ၁
ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် VOA, RFA, BBC အစရှိသော သတင်းဌာနများ၊ ပြည်ပြေး ဝရမ်းပြေး မီဒီယာများဖြစ်သည့် DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်စာမျက်နှာများတွင် တပ်မတော်သားများက အရပ်သား (၇)ဦးကို သတ်ခဲ့ပါသည်ဟု ဖော်ပြနေသော သတင်းမှာ အခြေအမြစ်မရှိသော လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးက ပြန်လည်ဖြေကြားထားသည်။
ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် VOA သတင်းဌာနက "AAဘက်က မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းကမြောက်ဦးမြို့နယ်မှ အပြစ်မဲ့အရပ်သားပြည်သူတွေဖြစ်တဲ့ (၁) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ (၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ (၃) ကိုကျော်သိန်းလှိုင်၊ (၄) ကိုကျော်ဝင်းလှိုင်၊ (၅) ကိုကိုညွန့်၊ (၆) ကိုဝင်းနိုင်၊ (၇) ကိုပြည့်စုံဝင်း တို့ (၇) ဦးကို၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီလောက်ကမြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲမှာဘဲ မသေမချင်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ပြောထားပါတယ် ရုပ်အလောင်းတွေကို မြောက်ဦးမြို့ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့တာကို တွေ့ခဲ့တာလို့လည်း ပြောထားပါတယ်။" ဟု သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်မေးမြန်းထားသည်ကို တွေ့ရသည်။
AA အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များက ဝန်ခံထွက်ဆိုသည်ဆိုကာ ရုပ်သံများ ဖန်တီးထုတ်ပြန်ထားသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ သတင်းမှန်ပြန်ကြားရေးက "အဆိုပါဖြစ်စဉ်သည် အခြေအမြစ်မရှိသော လုပ်ကြံဖန်တီးထားသည့် ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။ AA သောင်းကျန်းသူအဖွဲ့အပြင် သောင်းကျန်းသူအဖွဲ့အချို့အနေဖြင့် စစ်သုံ့ပန်းများ အခုလို မဟုတ်မမှန်ဖြစ်စဉ်များကို ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ခြိမ်းခြောက် အကြပ်ကိုင်ခြင်းအပါအဝင် နည်းအမျိုးမျိုးသုံးကာ ပြောကြားခိုင်းပြီး ပြည်ဖျက်မီဒီယာအချို့နှင့် အချိန်ကိုက်ဝါဒဖြန့်ခြင်း ဆောင်ရွက်နေသည်မှာ ၎င်းတို့၏ လုပ်ရိုးလုပ်စဉ် တစ်ခုလိုဖြစ်နေတာကို သတိပြုမိဖို့ လိုပါသည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် မိမိတပ်၊ တပ်ဖွဲ့ဝင်များလုံခြုံရေးနှင့် တပ်မိသားစုများ လုံခြုံရေးအတွက် စီမံဆောင်ရွက်နေချိန်တွင် အခြားသူများကို ဗွီဒီယိုမှာ ပြောကြားသလို စိတ်အေးလက်အေး စီမံပြီး သတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုသည်ကို စဉ်းစားကြည့်ပါက သိရှိနိုင်ပါသည်။" ဟု ပြန်လည်ဖြေကြားထားသည်။
မြန်မာ့တပ်မတော်အနေဖြင့် ဖမ်းဆီးရမိသူများကို သတ်ဖြတ်ညှင်းပမ်းမှုမျိုးကို လုံးဝ(လုံးဝ) ခွင့်ပြုထားခြင်း မရှိသလို အချို့စိတ်မထိန်းနိုင်မှုကြောင့် ဖြစ်ခဲ့သည့် ဖြစ်စဉ်မျိုးများအပေါ်မှာလည်း ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်ခဲ့သည့် သာဓကများ ရှေ့တွင် ရှိခဲ့ပြီးဖြစ်ကြောင်း၊ မေးခွန်းပါဖြစ်စဉ်သည် လုပ်ကြံဖန်တီးမှု သက်သက်သာဖြစ်ကြောင်း ပြောကြားထားသည်။
#News
#News


No comments:
Post a Comment