နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးနှင့် ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စုမှ တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးနှင့် ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စုမှ တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ




နေပြည်တော်၊ မတ် ၈

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် ဖေဖော်ဝါရီလအတွင်းက တပ်မတော်မှလာရောက် ခေါ်ဆောင်သွားကြောင်းနှင့် ဥတ္တရသီရီမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာ လျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန် တောင်းခံနေကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။


အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ထိတ်လန့်မှု မရှိစေရန် အတွက် ဥတ္တသီရီမြို့နယ်မှ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ထံ ဆက်သွယ်မေးမြန်းချက်အရ မှန်ကန်မှုမရှိသည့် သတင်းအမှားများသာ ဖြစ်ပြီး ဥတ္တရသီရီမြို့နယ် အတွင်းရှိ ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန်နှင့် ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းမရှိကြောင်း သိရှိရသည်။


အလားတူ ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းဆောင်ရန် စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအားစိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ရေးသားလျက် ရှိပါသည်။ ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် တည်ငြိမ် အေးချမ်းသာယာရေးကို မလိုလားသည့် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် နိုင်ငံအတွင်းတည်ငြိမ် အေးချမ်းမှုမရှိစေရန်အတွက် ဝါဒဖြန့်လှုံဆော်နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။ 


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)