ပခုက္ကူမြို့၌ ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေချောမွေ့စေရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေချောမွေ့စေရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

 



ပခုက္ကူ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ စည်ပင်သာယာလိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်းများအား ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေချောမွေ့စေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပခုက္ကူမြို့၊ တော်ဝင်နန်းဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စည်ပင်သာယာအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မြတ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးဝင်းက တစ်နိုင်ငံလုံးရှိ ဧည့်သည်ဝင်ရောက်မှုစာရင်းအား အချိန်တိုအတွင်း လျင်မြန်စွာသိရှိနိုင်စေရန်၊ စာရွက်စာတမ်းသုံးစွဲမှုလျော့ချလာစေရန်နှင့် စာရွက်စာတမ်းသုံးစွဲမှုလျော့ချခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းလာစေရန်စသည့် Guest List Management System စနစ် အကောင်အထည်ဖော်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပခုက္ကူမြို့၊ သပြေညိုဟိုတယ်ပိုင်ရှင် ဦးစိုးမိုးက Guest List Management System (GLMS)စနစ် လက်တွေ့ကိုင်တွယ်အသုံးပြုနည်းများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။


အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်မှ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် စည်ပင်သာယာလိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်းလုပ်ငန်းရှင်များ တက်ရောက်ကြပြီး Guest List Management System စနစ် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)