ရွှေတောင် မတ် ၁၁
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် စာစစ်ဌာနများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ လိုက်လံစစ်ဆေး ပြီး ကျောင်းသား၊ကျောင်းသူ များလုံခြုံရေး၊ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများ ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များ နှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(ရွှေတောင်)၊ အ.ထ.က(ကြာနီကန်)၊ အ.ထ.က(ကျီးသဲ)၊ အ.ထ.က(တရုတ်မှော်) စတဲ့ စာစစ်ဌာန ၄ ခုတို့တွင်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စာမေးပွဲ ကိုကျောင်းသား( ၁၆၁)ဦး၊ကျောင်းသူ (၂၂၄ )ဦး၊ စုစုပေါင်း (၃၈၅ ) ဦး ဖြေဆိုခဲ့ကြပြီး ကျောင်းသား ၊ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ခရိုင်/မြိုနယ်ပညာရေးမှူးများ၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများ က အနီးကပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment