လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်





လယ်ဝေး မတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ၉နာရီခွဲ မှ ၁၁ နာရီ ၄၅ မိနစ်အချိန်ထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ်၊ စည်ပိုင်းအုပ်စု၊ မိုးဝေလမ်းဆုံနေရာတွင် နေပြည်တော်ယာဥ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီးမျိုးမင်းစိုးနှင့်အဖွဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မထသဥက္ကဋ္ဌ၊ စည်ပိုင်းအုပ်ချုပ်‌ရေးမှုး နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်အတွင်း ဖြတ်သန်း မောင်းနှင်လျက်ရှိသော မော်တော်ယာဥ် ၄၅ စီး၊ မော်တော်ဆိုင်ကယ် ၁၂၂ စီး၊ စုစုပေါင်း ၁၆၇ စီး တို့အား Quick Win အစီအမံ (၅) ရပ်အပါအဝင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်း ၁၃ မှု၊ ဝှီးတက်သက်တမ်းလွန် ၂ မှု၊‌ မောင်းလိုင်စင်မပါ ၁ မှု၊ ခါးပတ်မပတ်မှု ၁ မှု၊ ဝှီးတက်မပါ ၁ မှု၊ စုစုပေါင်း ကား/ဆိုင်ကယ် ၁၇ မှု စစ်ဆေးဖမ်းဆီးအရေးယူခဲ့ပြီး သက်ဆိုင်ရာ မော်တော်ယာဥ်လိုင်စင် (ဝှီးတက်) အမောင်းလိုင်စင်များအား သိမ်းဆည်းကာ ချလံပြေစာဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အိအိငြိမ်းဖြူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)