စစ်ကိုင်း မတ် ၂၀
စစ်ကိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့ မျက်မမြင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က သက်ဆိုင်ရာဌာနအနေဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက ကာကွယ်ရေး၊ တုံ့ပြန် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ သိရှိအောင် သင်တန်းဖွင့်လှစ်ပေးခဲ့တဲ့အတွက် သင် တန်းသား/ သင်တန်းသူများအနေဖြင့် စိတ်ဝင်စားစွာလေ့လာမှတ်သားသွားကြားဖို့ ပြေကြားကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာ သဘာဝဘေးအန္တရာယ်ဟာ အချိန်မရွေးကျရောက်နိုင်တဲ့အတွက် ကျရောက်လာပါက ဒေသခံပြည်သူများသာ ဆုံးရှုံးခဲ့ရပြီး ပြန်လည်တုံ့ပြန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း များတွင်လည်း ဒေသခံပြည်သူများသာ ဆောင်ရွက်ရတာဖြစ်ကြောင်း ဒါကြောင့် သဘာဝဘေး အန္တရာယ် လျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) များကို ဘေးအန္တရာယ်ဆိုင်ရာ ပညာရပ်များ ကြိုတင်သိရှိရအောင် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို (၃)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment