ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး

 


နေပြည်တော်၊ မတ် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက Naypyitaw State Academy သို့ ရောက်ရှိပြီး ကျောင်းအတွင်း ဥပဓိ ရုပ်ကောင်းမွန်ရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်နေဆဲ စာသင်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy ၏ စာဖြေခန်း များသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်းနှင့်ဒုတိယနှစ်ဂုဏ်ထူးတန်း သင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။


ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို စာမေးပွဲဖြေဆိုကြသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် ပညာသင်နှစ် တစ်နှစ်‌အောင်မြင်စွာပြီးဆုံးရေးသည် အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုစဉ် မကျန်းမမာဖြစ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်ထားသော ဆေးကုသရေးအဖွဲ့က ကူညီစောင့်ရှောက်ပေးမည် ဖြစ်ပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်းမှာကြားကာ ကျောင်းတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)