တောင်ကုတ် မတ် ၁၈
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ ၊ ဥက္ကဌ ဦးဇာနည်တိုး ကအမှာစကားပြော ကြားပြီးနောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်မျိုး၀င်း က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ထပ်ဆင့်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် ၀န်ထမ်းများက ပြည်သူ့စစ်မှုထမ်း ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို အစည်းအဝေးသို့တက်ရောက်လာသူများသို့ ဖြန့်ဝေ ပေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များ ၊နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment