(၂၁) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၁) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ





ရန်ကုန် မတ် ၁၇

နိုင်ငံတကာအဆင့်မီပါရဂူဘွဲ့သုတေသနများအတွက် များစွာအထောက်အကူပြုနိုင်ရုံသာမက၊ အရည်အချင်းပြည့်မီသော လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ကြီးမှူးကျင်းပသည့် (၂၁) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျင်ပရာ ရန်ကုန်တိုင်းဒေသကြီးကိုယ်စား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းသို့အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာအသုံးချမှုသုတေသန စာတမ်းဖတ်ပွဲကို ၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာရာမှာ ယခုနှစ်တွင် (၂၁) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက် စာတမ်းဖတ်ပွဲကျင်းပနိုင်အောင် ကြိုးပမ်းခဲ့ကြတဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများအတွက် များစွာဂုဏ်ယူမိပါကြောင်း၊ (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲသည် နိုင်ငံတကာအဆင့် မီပါရဂူဘွဲ့သုတေသနများအတွက် များစွာအထောက်အကူပြုနိုင်ရုံသာမက၊ အရည်အချင်းပြည့်မီသော လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် အဓိကကျတဲ့ ICT သုတေသနစာတမ်းဖတ်ပွဲတစ်ခုလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ အနာဂတ်မျိုးဆက်သစ်များအတွက် ပညာရေးရဲ့အရေးပါပုံကို မီးမောင်းထိုးပြခဲ့ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်ဝသော သုတေသနပညာရှင်များ၊ နည်းပညာရှင်များ၊ ကျောင်းသား/ သူများ မွေးထုတ်ပေးနိုင်ရေးလမ်းညွှန်ချက်ကို ကျွန်တော်တို့ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပညာရှင်များပူးပေါင်းပြီး ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ သင်ရိုးညွှန်းတမ်းများအဆင့်မီစေရန် ထိန်းသိမ်းခြင်း၊ လိုအပ်သော ပံ့ပိုးမှုများပေးခြင်းစသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့‌နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နွယ်နီက အမှာစကားပြောကြားပြီး၊ ရန်ကုန်ကျွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမီမီခင်က (၂၁) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းအကြောင်းအား ရှင်းလင်ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောပ်ပံ့ပေးသည့် ငွေကျပ် (၂၅) သိန်းအား လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ပေးအပ်ရာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် Dr မီမီခင်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်က (၂၁) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် ထောက်ပံ့ပေးခဲ့ကြသည့် ကုမ္ပဏီများအား ဂုတ်ပြုမှတ်လွှားများ ပြန်လည်ပေးအပ်ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

(၂၁) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ မူဝါဒသတ်မှတ်ဆောင်ရွက်ချက်တွင် ခေတ်နှင့်လျော်ညီသော သုတေသနများ စဉ်ဆက်မပြတ်ဆောင်ရွက်ရရှိစေရန်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ရည်မှန်းဆောင်ရွက်ချက်အဖြစ် သုတေသနတက္ကသိုလ်အဖြစ်ရောက်ရှိရန် သတ်မှတ်ထားပြီး၊ မိမိတက္ကသိုလ် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့လေ့လာဆောင်ရွက်လျက်ရှိသည့် သုတေသနနှင့် ရလာဒ်များကို နိုင်ငံတကာနှင့်ပညာရှင်များ ပြည်သူများကို တင်ပြဆောင်ရွက်ရန်သုတေသန စာတမ်းဖတ်ပွဲကျင်းပခြင်းဖြစ်ပြီး ယခုနှစ်စာတမ်းဖတ်ပွဲတွင် ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ စာတမ်းပေါင်း (၅၅) စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)