ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လမ်းလယ်ကျွန်း ဓါတ်မီးတိုင် စိုက်ထူနေမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လမ်းလယ်ကျွန်း ဓါတ်မီးတိုင် စိုက်ထူနေမှုများ ကြည့်ရှုစစ်ဆေး






ရန်ကုန်၊ မတ် ၁၈

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လမ်းလယ်ကျွန်း ဓါတ်မီးတိုင် စိုက်ထူနေမှုများအား မတ်လ (၁၅) ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒုတိယ အထွေထွေမန်နေဂျာ ဦးစိုးမိုး က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ရန်ကုန်မြို့တော် အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာ လှပမှုရှိစေရေး လျှပ်စစ်ကြိုးများအား မြေအောက် (Under Ground)မှ သွယ်တန်းထားရှိမှု၊ ညအချိန် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ ညအချိန် အလင်းရောင် ကောင်းစွာရရှိပြီး ဒုစရိုက်မှုများ ကင်းရှင်းစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဝန်ကြီးချုပ်မှ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းလုပ်ဆောင်နေစဉ် ကာလအတွင်း ယာဉ်ကြောကြပ်တည်းမှု မရှိစေရေး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားသည်။

အဆိုပါ လမ်းလယ်ကျွန်း ဓါတ်မီးတိုင်စိုက်ခြင်းအား မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းဆုံမှ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း တံတားအဆင်းအထိ အရှည်ပေ (၁၇၆၀၀) ပေရှိပြီး ၁၆၂ တိုင် စိုက်ထူမည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ပြီး လုပ်ငန်းအားလုံး၏ (၉၂) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ‌ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)