တွန်းဇံ မတ် ၃၀
ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်တွင် ယမန်နေ့ညနေ ၃ နာရီခန့်က ဆိုလာမီးနှင့်သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်ရှိ အိမ်ရှင် ဦးဟောက်ရှင်းဆူမ်း၏ နေအိမ်တွင် တပ်ဆင်ထားသည့် ဆိုလာမီးနှင့်သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ ပေသွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ မြေစိုက်(၁) ထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆောက်နှင့်မီးသတ်တပ်ဖွဲဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ဌာနဆိုင်ရာများ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့က မီးသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးဘေးသင့်မိသားစုဝင် (၅) ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့ပေးထားကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ဇိုဇွန်းပါလ်
https://t.me/MyanmarNationalPost
No comments:
Post a Comment