ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား KEP Logistics ဝင်းအတွင်း မော်တော်ယာဉ်များ စုပေါင်းရပ်နားထားရှိ အခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် သီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်‌ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား KEP Logistics ဝင်းအတွင်း မော်တော်ယာဉ်များ စုပေါင်းရပ်နားထားရှိ အခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် သီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်‌ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



မြစ်ကြီးနာ မတ် ၂၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုံအပိုင်းရှိ မြစ်ကြီးနား KEP Logistic အသင်းပိုင်ဝင်းအတွင်း နယ်စပ်ဂိတ်မှ မန္တလေးသို့တင်ပို့သွားမည့် စက်သုံးဆီတင် ဘောင်ဆာကားကြီးများ၊ တွဲကားများ ရပ်နားထားရှိမှုအခြေအနေများနှင့် ဗလမင်းထင် စံပြစိုက်ကွင်း အတွင်း လယ်သီးထပ်ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုများကို မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံ ဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်(စက်မှုဇုံ)ဧရိယာအတွင်း ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (KEP Logistics)အသင်းပိုင် မြစ်ကြီးနားဇုံနယ်ဝင်းအတွင်း ကံပိုင်တည်နယ်စပ်ဂိတ် မှတစ်ဆင့် မန္တလေးသို့ ကုန်စည်တင်ပို့သွားမည့် တွဲကားယာဉ်ကြီးများနှင့် စက်သုံးဆီဘောင်ဆာကား ကြီးများ ရပ်နားထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး KEP Logistics တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ကုန်စည်ပို့‌ဆောင်ရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများအား နယ်စပ်ကုန်စည်တင်ပို့မှု လုပ်ငန်းအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်အတွင်းရှိ ဗလမင်းထင်စံပြစိုက် ကွင်းသို့ သွားရောက်ပြီး မန်ခိန်ကွင်းဘက်အခြမ်း၌ တောင်သူများ၏ လယ်ဧက ၄၀ ကျော် အတွင်း လယ်သီးထပ် ဆောင်းသီးနှံအဖြစ် ပဲပုပ်၊ ဖူးစားပြောင်း၊ နေကြာသီးညှပ်နှင့် ခရမ်းချဉ်သီးစသည့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် စိုက်ခင်းများအတွင်း ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်းများမှရေဖြန်းစနစ်ဖြင့်ရေသွင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တပ်ကုန်းကွင်းဘက်အခြမ်းသို့ သွားရောက်ပြီး တောင်သူများ၏ လယ်ဧက (၆၅) ဧကကျော်အတွင်း စိုက်ပျိုးရေးဦးစီးဌာနက သီးနှံမျိုးစုံအကန့်လိုက်စိုက်ပျိုး ခြင်း(Strip Cropping) စံပြစိုက်ခင်းအတွင်း ပဲပုပ်၊ နေကြာ၊ ဖူးစားပြောင်းများ တောင်သူအသိပညာပေး စနစ်တကျ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို လည်းကောင်း၊ လယ်မြေများအတွင်း လယ်သီးထပ်ဆောင်း သီးနှံအဖြစ် ပဲတီစိမ်း၊ နှံစားပြောင်း၊ ဖူးစားပြောင်းနှင့် မတ်ပဲခင်းများအတွင်း နေကြာသီးညှပ်စိုက်ပျိုး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ကွင်း ဧရိယာတစ်ခုလုံးအတွင်း နွေ၊ မိုး၊ ဆောင်း သုံးရာသီတွင် စိုက်ပျိုးရေလုံလောက်ဖူလုံစွာရရှိရေးနှင့် တစ်နှစ်လျှင်နှစ်သီးမှ သုံးသီးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် ပင်မရေနှုတ်မြောင်း/ ရေပေးရေနုတ်မြောင်းမကြီး အရှည်ပေ (၁၀၀၀၀)ကျော် ပြန်လည် အဆင့် မြင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သဲကျောက်စီ‌ရေစစ်ပါ ရေနှုတ်မြောင်းအရှည်ပေ  (၅၀၀၀)ကျော်နှင့် လယ်ကွက်များအတွင်း ပြုပြင်ဆောင်ရွက်ရမည့် ရေနုတ်မြောင်း ပေ (၅၀၀၀)ကျော် တို့အား ဆက်လက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ်က မိုးစပါးအပါအဝင် လယ်သီးထပ်ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရေရရှိမှုကို ရေရှည်အတွက် စနစ်တကျစီမံကိန်းရေးဆွဲဆောင်ရွက်သွားနိုင်ရေး၊ သီးထပ်စိုက်ဧက ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ရေးနှင့် မိုးစပါးအထွက်နှုန်းမြင့်မားရေးတို့အတွက် လိုအပ် သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)