မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို မတ်လ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲဝင်များက မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ သက္ကယ်ကျင်းကျေးရွာအနီးတစ်ဝိုက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားလျက်ရှိပြီး ဒေသခံပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းနှင့် ခြိမ်းခြောက် အကြပ်ကိုင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်ခံခြင်းမရှိသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက မတ်လ ၁၄ ရက်နေ့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ သက္ကယ်ကျင်း ကျေးရွာအနီးဝန်းကျင်တွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ ယာယီတဲ ၂ လုံး၊ လက်လုပ်သေနတ် ၂ လက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများမှ လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ရာ သက္ကယ်ကျင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ်စွပ်စွဲရေးသားကာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)