ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အစဉ်အလာအတိုင်း အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများ အားလုံးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အစဉ်အလာအတိုင်း အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများ အားလုံးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မှာကြား




ရန်ကုန် ၊ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် (၁၃)ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ သင်္ကြန်ပွဲတော် စည်းကမ်းတကျ အောင်မြင်စွာ ကျင်းပနိုင်ရေး ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများက သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်မြင်အောင်နှင့် ယခုနှစ်သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းလုံခြုံစွာ ရေကစားနိုင်ရေး၊ မဏ္ဍပ်နေရာများ စနစ်တကျဖြစ်စေရေး တက်ရောက်လာသူများအနေဖြင့် ထည့်သွင်းဆွေးနွေးပေးကြရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များ ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ စည်ပင်သာယာရေးဝန်ကြီး  (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ကော်မတီအလိုက်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းကဏ္ဍများကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် မဟာင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးညီညီမင်းက ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ မဏ္ဍပ်များ နေရာချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေး လုပ်ငန်းကော်မတီ၊ မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ လူမှုရေးနှင့်ဘာသာရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီတို့မှတာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အစဉ်အလာအတိုင်း ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်း၍အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများ အားလုံးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအထူးဂရုပြုရေး ဆောင်ရွက်သွားရေးပြောကြားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)