ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ထွန်းပေါ်ပေါက် လာစေရန်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများပြုလုပ်ရန် လိုအပ်ကြောင်းကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ထွန်းပေါ်ပေါက် လာစေရန်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများပြုလုပ်ရန် လိုအပ်ကြောင်းကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ပြောကြား





နေပြည်တော်၊ မတ်လ  ၁၅ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် “Enhancing Integrity and Combatting Corruption” အလုပ်ရုံဆွေးနွေးပွဲကို   အင်္ဂလိပ်ဘာသာစကားဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆွေးနွေးပွဲတွင်ပါဝင် ဆွေးနွေးမည့် Speaker များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြား ရာ၌ “Enhancing Integrity and Combatting Corruption” အလုပ်ရုံဆွေးနွေးပွဲကို အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းလင်းတင်ပြစေခြင်းဖြင့် ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအားလုံး လုပ်ငန်း စွမ်းဆောင်ရည် (Capacity Building) မြင့်မားလာခြင်း၊ ဝန်ထမ်းများ၏ စာဖတ်စွမ်းရည် မြင့်မားလာခြင်း၊ ပရိတ်သတ်ရှေ့တွင် တင်ပြနိုင်မှုစွမ်းရည် (Presentation Skill)နှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်မြင့်မားလာခြင်း၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာဗဟုသုတများ ကြွယ်ဝစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊

ကော်မရှင်သည် နိုင်ငံတကာဖြင့် ထိတွေ့ဆက်ဆံရပြီး နိုင်ငံတကာ Convention နှင့် အဖွဲ့အစည်းများတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ရသဖြင့် အင်္ဂလိပ်ဘာသာရပ် ကျွမ်းကျင်မှုသာမက အဂတိလိုက်စားမှုနှင့်သက်ဆိုင်သော ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ရရှိစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ထွန်းပေါ်ပေါက် လာစေရန်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူ့အသိုက်အဝန်းတစ်ရပ် (Zero Tolerance) ဖြစ်ပေါ်လာစေရေးအတွက် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ကိုယ်တိုင် အရည်အချင်းပြည့်မီရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများကို ခိုင်မာသည့် ကတိကဝတ်ချမှတ်၍ အားသွန်ခွန်စိုက်ဆောင်ရွက်ရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုများကို လုံးဝသည်းခံခွင့်လွှတ်မှုမပြု ခြင်းဖြင့် ကော်မရှင်၏ "အဂတိပယ်ခွာ ပြည်သာယာ" ဟူသည့်ဆောင်ပုဒ်နှင့်အညီ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Moderator အဖြစ် ညွှန်ကြားရေးမှူး  ဒေါ်မြတ်ဆုသင်းက ဆောင်ရွက်ပြီး ကော်မရှင်ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရတနာဝင်းက “Critical Analysis on Singapore’s Zero Tolerance Policy” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ထွန်းအောင်က “Enhancing Preventive Measures for achieving Zero Tolerance Policy on Corruption” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်က “Integrity Educatin for Youth” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများက ပါဝင်ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးတင်ပြသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၁၆:၂၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)