လားရှိုး မတ် ၁၄
လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃- ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ခဲ့သည့်လမ်းများအနက် နမ့်စံလမ်း၊ ၄၉ လမ်းနှင့် လမ်းသွယ် ၂၀ ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက် (၅) ရှိ ၄၉ လမ်းထိပ်တွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က ကိုယ့်အားကိုယ်ကိုးလမ်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လမ်းဖြစ်မြောက်ရေးကော်မတီကိုယ်စား အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (လားရှိုး) ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်း၊ လမ်းအလှူရှင် ဦးကျောက်မင်ဆင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းတစ်လျှောက် လှည့်လှည်ကြည့်ရှု ခဲ့ကြသည်။
လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနသည် ၂၀၂၃- ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ခင်းခဲ့သည့် ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်းများဖြစ်သော နမ့်စံလမ်း ၊ (၄၉)လမ်း ၊ လမ်းသွယ် (၂၀) အပါအဝင် လမ်းပေါင်း (၉)လမ်းခင်းရန်အတွက် စည်ပင်သာယာဌာနမှ ကတ္တရာ (၈၄.၉၅)တန်နှင့် နည်းပညာများ ၊စက်ယန္တရားများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )
https://t.me/MyanmarNationalPost

No comments:
Post a Comment