ရုရှားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ်တင်ရှုတ်ချခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ်တင်ရှုတ်ချခြင်း


 

ရုရှားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ်တင်ရှုတ်ချခြင်း


၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်များလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်။ မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချ လျက်ရှိပါသည်။ အကြမ်းဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သောမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်


Myanmar condemns terrorist attack on Russia

​The Republic of the Union of Myanmar strongly condemns the terrorist attack at the Crocus City Hall Complex, northwest of Moscow on 22 March 2024 that killed and injured dozens of innocent people. Myanmar constantly adheres to the position of condemning terrorism and violent extremism in all its forms and manifestations. Terrorism is the use of international violence which undermines security and stability of the countries. The Republic of the Union of Myanmar extends condolences to the Government and the People of the Russian Federation and the bereaved families of the victims.

Ministry of Foreign Affairs

Nay Pyi Taw

Dated, 23 March 2024

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)