ရွှေတောင် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင် မြို့နယ်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင် မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိမိချိုက မြို့နယ်အမျိုးသမီးကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်းများ၊ အမျိုးသမီးများ ကာကွယ် စောင့်ရှောက် ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကြိုတင်ကာကွယ် ရေး၊ ကာကွယ် စောင့် ရှောက် ရေး၊ ပြန်လည်နေရာချထား ရေး၊ နောက်ဆက်တွဲ စောင့်ရှောက် ရေးလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်မြို့နယ်အမျိုးသမီးကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့ဝင်များမှ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ရွှေတောင်မြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ လိုအပ်သည်များ ကို လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment