ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



နေပြည်တော်၊ မတ် ၂၁

ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ Jasmine ဟိုတယ်၌ကျင်းပပြုလုပ်သည်။


အဆိုပါ ရုရှား- မြန်မာ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပဒေရေးရာ ဝန်ဆောင်မှုအကြီးအကဲ  Mr. Bezbabnov OIeg Gennadievich၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး  Colonel Sergey Semenovich Kurchenko နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။


ဦးစွာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပဒေရေးရာဝန်ဆောင်မှုအကြီးအကဲ  Mr. Bezbabnov OIeg Gennadievich တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး ရုရှား-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာများဖြစ်သည့် ရုရှားနိုင်ငံ၏ စစ်ဘက်ဥပဒေစနစ်နှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခြင်းများ၊ မေးခွန်းမေးမြန်း ခြင်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။


ထို့ပြင် ညပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က Mr. Bezbabnov OIeg Gennadievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)