မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁၆၀)စုအတွက် စားသောက်ကုန်နှင့် ဆန်အိတ်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁၆၀)စုအတွက် စားသောက်ကုန်နှင့် ဆန်အိတ်များလှူဒါန်း

 


သရက် မတ် ၂၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု(၁၆၀)စုအတွက် စားသောက်ကုန်နှင့် ဆန်အိတ်များ၊ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉:၀၀)နာရီက မှန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ သရက်တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်နှင့် တပ်မတော်အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မင်းတုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် သရက်တပ်နယ်မှူး ဗိုလ်မှူးကြီး နိုင်အောင်က ခေါက်ဆွဲခြောက် ဖာ(၄၀)၊ ရေသန့်(၁)လီတာ(၁၂၀)ကဒ်၊ ဆန်(၂၇)အိတ်၊ ဆီ(၈)ပိဿာ၊ အဝတ်အစားအစုံအိတ်(၅၀)၊ ကာလတန်ဖိုးငွေကျပ်(၄၀)သိန်းခန့်နှင့် သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်က တစ်အိမ်ထောင်လျှင် ဆီ(၁)ပိဿာ၊ ကြာဇံ(၂၅)ကျပ်သား၊ ငါးပိ(၂၅)ကျပ်သား၊ ငရုတ်ခွဲခြမ်း(၁၀)ကျပ်သား၊ အာလူး(၅၀)ကျပ်သား၊ ကုလားပဲ(၅၀)ကျပ်သား၊ အခြေခံစားသောက်ကုန်(၆)မျိုးအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၁၅၆၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၆၀)အတွက် ကာလတန်ဖိုးငွေကျပ် (၂၅)သိန်းခန့်တို့အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)