လိပ်သို မတ် ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသော နှစ်ရှည်သီးနှံပင်များစွာအနက် အာရေဗီးကားနှင့် Robusta ကော်ဖီမျိုးများမှာ ယခုနှစ်ရာသီတွင် ဝေဝေဆာဆာဖူးပွင့်နေပြီး အောင်မြင်လျက်ရှိကြောင်း သိရသည်။
ယခင်ကဒေသထွက်ကော်ဖီများ ဈေးကောင်းမရခဲ့၍ ရှိပြီးကော်ဖီခြံများကို ပြုစုစောင့်ရှောက်မှု အားနည်းခဲ့ခြင်း၊ အခြားနှစ်ရှည်သီးနှံပင်များ အစားထိုးစိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် ကော်ဖီပင်များ ဝေဝေဆာဆာဖူးပွင့်လာခြင်း၊ ကော်ဖီစေ့များ ဈေးကောင်းပြန်လည် ရရှိလာခြင်းနှင့် ဈေးကွက်ခိုင်မာမှုရှိခြင်းတို့ကြောင့် ကော်ဖီပင်များကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်စိုက်ပျိုးရန်ပြင်ဆင်ခြင်းနှင့် တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ကော်ဖီစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
အဆိုပါ ကော်ဖီပွင့်များကောင်းမွန်စွာ ဝတ်မှုန်ကူးနိုင်ရန်နှင့် အောင်မြင်စွာ အသီးတင်နိုင်ရန် တောင်သူများမျှော်လင့်လျက်ရှိပြီး သဘာ၀ ဘေးဒဏ်မှလွတ်ကင်းရန်နှင့် အပျက်အစီးမရှိရန် တောင်သူများ ဂရုစိုက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)
https://t.me/MyanmarNationalPost
No comments:
Post a Comment