မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်



မင်းဘူး မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကုန်းသာ-တောင်မန်း ကတ္တရာလမ်းအရှည် (၁/၅.၅) မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မ ကတ္တရာခင်းခြင်း၊ ၉ လက်မ ထု အမာခံလမ်းပုခုံးခင်းခြင်းတို့အား တည်ဆောက်ပြီးစီးခဲ့သဖြင့် ယမန်နေ့နံနက် ၁၁ နာရီခွဲက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ လမ်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ ဥပဒေချုပ်ဦးတင့်ဝေနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်းသာ-တောင်မန်း ကတ္တရာလမ်း (၁/၅.၅) မိုင်ခင်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးသင်းမင်းလတ်က လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

ယင်းကျေးရွာကုန်ထုတ်လမ်းမှာ အလျား ၁/၅.၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မဖြင့် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ ခုနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ၉၉၇ ဒသမ ၅၇၅ သန်းဖြင့် တင်ဒါအောင် ကုမ္ပဏီ Union Seven က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့သည်။ အဆိုပါ ကုန်းသာ- တောင်မန်းကတ္တရာ ကုန်ထုတ်လမ်းသည် ကျေးရွာရှိ အိမ်ခြေ ၄၈၁ အိမ်၊ အိမ်ထောင်စု ၄၉၈ စု၊ လူဦးရေ ၂၃၆၆ ဦးအတွက် အကျိုးပြုမည့် လမ်းတစ်လမ်းဖြစ်ကြောင်းလည်း သိရသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)