ဂျကာတာမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျကာတာမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပ





ဂျကာတာ၊ မတ် ၃၀

(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို မြန်မာသံရုံး၊ ဂျကာတာမြို့၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးတို့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ညနေပိုင်းတွင် ဂျကာတာမြို့၊ Hotel Borobudur ၌ ကြီးမှူးကျင်းပခဲ့သည်။

အခမ်းအနား အစီအစဉ်အရ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်း က တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနား နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဂျကာတာမြို့ အခြေစိုက် သံရုံးများနှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံတမန်များ၊ ဂျကာတာမြို့အခြေစိုက် နိုင်ငံတကာစစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်သံအရာရှိများ၊ အင်ဒိုနီးရှား တပ်မတော်မှ အရာရှိများနှင့် ဖိတ်ကြားထားသည့်  ဧည့်သည်တော်များ အသီးသီး တက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင် မြန်မာ့တပ်မတော် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်း အချက်အလက် ပြကွက်များ၊ မြန်မာ့ယဉ်ကျေးမှု အကများဖြင့် ဧည့်ခံဖျော်ဖြေ၍ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများကိုလည်း တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)