ကွာလာလမ်ပူမြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွာလာလမ်ပူမြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ကျင်းပ








ကွာလာလမ်ပူ၊ မတ် ၃၀

(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ) တို့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ညနေပိုင်းတွင် ကွာလာလမ်ပူမြို့၊ JW Marriot Hotel ၌ ကြီးမှူးကျင်းပခဲ့သည်။ 

အခမ်းအနားအစီအစဉ်အရ မြန်မာစစ်သံမှူး ဗိုလ်မှုးချုပ်နိုင်ဦးမှ တပ်မတော်နေ့ အထိမ်း အမှတ်အခမ်းအနား နှုတ်ခွန်းဆက်မိန့်ခွန်း တစ်ရပ်ပြောကြားခဲ့ပြီးနောက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းမှ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကျေးဇူးတင်ရှိကြောင်း နှုတ်ခွန်းဆက်မိန့်ခွန်းတစ်ရပ်အား ထပ်ဆင့်ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ကွာလာလမ်ပူမြို့အခြေစိုက်သံရုံးများနှင့် မဟာမင်းကြီးရုံးများမှ သံတမန်များ၊ ကွာလာလမ်ပူမြို့အခြေစိုက် နိုင်ငံတကာစစ်သံရုံးများမှ စစ်သံအရာရှိများ၊ မလေးရှား တပ်မတော်မှအရာရှိများ၊ အငြိမ်းစားအရာရှိများနှင့် စစ်မှုထမ်းဟောင်းများ အပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၃၀၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်ပြကွက်များနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းပြကွက်များကို တင်ဆက်ပြသခဲ့သည့်အပြင် ရုပ်သေး ပညာရှင်နှင့် ဆောင်းပညာရှင်တို့မှလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)