ဒိုက်ဦး မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းနိုင် ကွင်းဆင်းအသိပညာရှင်းလင်းခြင်းကို မတ်လ(၂၄)ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က အမှတ် (၆) မင်းတဲရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေး ရှင်းလင်းဆောင်ရွက်ရာတွင် ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက်ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများမှ သိလိုသည်များကို မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပြည်သူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) သည် အေးသုခကျေးရွာရှိ ရွှေဟင်္သာအရက်ချက်စက်ရုံ၌ လည်းကွင်းဆင်း အသိပညာပေး ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပြည်သူ ( ၆၅ ) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment