ကမာရွတ်မြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

 





ရန်ကုန် မတ်၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းတင့် (ရန်ကုန်ရုံးခွဲ)၊ ကမာရွတ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်၊ အဂတိလိုက်စားရေး ကော်မရှင်ရုံးခွဲ (ရန်ကုန်) ဦးစီးအရာရှိ ဦးကိုကိုလှိုင်၊ ကမာရွတ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးအောင်မြင့်သန်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဟောပြောပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းတင့် (ရန်ကုန်ရုံးခွဲ)က အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေး ကဏ္ဍဆိုင်ရာများကိုလည်းကောင်း၊ ဦးကိုကိုလှိုင် ဦးစီးအရာရှိ (ကော်မရှင်ရုံးခွဲ)  ရန်ကုန်မှ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျောင်းပညာရေး ကဏ္ဍဆိုင်ရာများကိုလည်းကောင်း၊ အသီးသီး ဆွေးနွေးဟောပြောပေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ကမာရွတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းများမှ ဆရာ၊ ဆရာမ (၁၈၆) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)