သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



သာပေါင်း ၊ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုး ၊အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေး အဓိကထား ဆောင်ရွက်ရန်၊ (၈၆)ဘီလီယံ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးသွင်းအားစု ရယူတောင်သူများ ဝယ်၊ ကြိတ်အဖွဲ့သို့ အပြီးပေးသွင်းရန်၊ နွေစပါးရိတ်သိမ်းမည့် တောင်သူ ဧက စာရင်းတင်ပြရန်၊ ၂၀၂၄ ခုနှစ် (ရေတော်/မိုးတော်) မိုးစပါးဧက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြှုပ်နှံ စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ဆောင်းနေကြာ ရိတ်သိမ်း/ထွက်ရှိမှု တင်ပြရန်၊ ၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေး (မြေပဲ၊ နှမ်း၊ နေကြာ) တိုးချဲ့စိုက်ပျိုးရန်၊ ရိုးပြတ်ကျန် မရှိရေး စိုက်ပျိုးဆောင်ရွက်ရန်၊ ဗေဒါမြေဆွေးများ ပြုလုပ်ဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ်၊ မိုးကာလတွင် ကော်ဖီပင် (၅၀၀)ဧက စိုက်ပျိုးရေး ဆောင်ရွက်ရန်၊မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်ရန်၊ (၁-၃-၂၀၂၄)ရက်နေ့ ရပ်ကွက်/ ကျေးရွာအုပ်စု သန့်ရှင်းရေးများ ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ရန်၊ လောင်းကစား၊ မူးယစ်ဆေးဝါး ပတ်သက်မှုမရှိရေး ဆောင်ရွက်ရန်၊ ၂၀၁၂ ခုနှစ်၊ ရပ်ကျေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်၍ ကြိုတင်ဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် စာတတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရုံးပင်၊ ငါးဘတ်ချောင်း၊ မကျီးပင်၊ ကမ္ဘဲ့ညောင်ကုန်း (33KVA) ဓာတ်အားခွဲရုံ ဖွင့်လှစ်မည်ဖြစ်၍ သန့်ရှင်းရေးအပြီး ဆောင်ရွက်ရန်၊ ပုံစံ(၂၇)မျိုး လစဥ်ပြုစုရန်၊ Database စနစ် ထည့်သွင်းနိုင်ရေး (Excelfile) ဖြင့် လစဥ်ပြုစု ထိန်းသိမ်းရန်၊ ပန်းခင်းစီမံချက် (၃)ဆောင်ရွက်နေသဖြင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)