ကျွန်းလှ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရွှေကျွန်းမြေမိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိရှိအသုံးချစေရန် အားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အားကစားနည်းများအလိုက် ဆက်လက်လေ့ကျင့်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြပြီး သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြသကြ သည်။ အဆိုပါ သင်တန်းများအဖြစ် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ Myanmar Fitness Dance ၊ အေရိုးဗစ် အားကစားနည်းများဖြစ်ကြောင်း သင်တန်းကာလမှာ (၂၅) ရက်ကြာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ
https://t.me/MyanmarNationalPost
No comments:
Post a Comment