မြောင်းမြ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀:၀၀ )နာရီအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "နှလုံးသားကို ဖြူစင်အောင်ထားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Book Club အဖွဲ့ နာယက ဆရာကြီး ဦးခင်စိုး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး "လူ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ နှလုံးသားကို ဖြူစင်အောင်ထားပါ" ခေါင်းစဥ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ Book Club အဖွဲ့ဝင် ဆရာလရောင်လင်းက "ဘဝဆိုတာကျွန်တော်တို့ရဲ့ဆရာပါပဲ"၊ ဆရာမ ဒေအချိန် (ခင်ချို-ပညာရေး)က "သင့်ဘဝသည်သင်ယုံကြည်ချက်၏ပုံရိပ်ဖြစ်သည်" ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါ အကြောင်းအရာများ၊ ထင်မြင်ယူဆချက် များအားအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန် မြင့်မားလာပြီး အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment