ညောင်ဦး မတ် ၃၁
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများလာကြောင်း ဖီးကြမ်းငှက်ပျောစိုက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စု ကျေးရွာများ သည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျောတစ်မျိုးထဲသာစိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းတာကလည်း ဖီးကြမ်းငှက်ပျောသာ ရောင်းအားပိုပြီး ဈေးနှုန်းလည်း ရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှု မရှိသလောက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအေးကိုက ပြောသည်။ ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်းစိုက်ပျိုးသည့် သူများ က ငှက်ပျောသားတက်မထားကြပဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်းနှစ်ပင်စိုက် တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုး ကြကြောင်း သိရသည်။ ငှက်ပျောပေါ်ချိန်သည်လည်း စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ပေါ်ကြောင်းထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအားညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း ပွဲစားများက ငှက်ပျောခြံထိလာ ရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေပေါ်အုပ်စုအတွင်း ကျေးရွာများ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများလာကြပြီး ဖီးကြမ်းငှက်ပျောဖီးတစ်ဖီး ၁၅၀၀ ကျပ်ရောင်းချနေရ ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment