တောင်ကုတ် ၊ မတ်လ ၁၂
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ ၁၁၉၂ ဦးမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် အထက(၁) ၊ အထက(၂) ၊ အထက(၄)နှင့်အထက (ရွာမ)တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ကျင်းပလျက်ရှိပြီး ဖြေဆိုရန်စာရင်းရှိ ၁၃၀၅ ဦးရှိသည့်အနက် ၁၁၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့သည့်အတွက် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၁.၃၄ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်၊
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment