ရွှေတောင် မတ် ၄
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၉၇ ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်လုံးအတိုင်းအတာအနေနဲ့ မတ် ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ဖြေဆိုရမှာဖြစ်ပြီး ရွှေတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(ရွှေတောင်)၊ အ.ထ.က(ကြာနီကန်)၊ အ.ထ.က(ကျီးသဲ)၊ အ.ထ.က(တရုတ်မှော်) စတဲ့ စာစစ်ဌာန (၄)ခု တို့ဖြင့်ဖြေဆိုရမည်ဖြစ်ပြီးကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ခရိုင်/မြိုနယ်ပညာရေးမှူးရဲ့ ကြီးကြပ် မှုနဲ့ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများ က အနီးကပ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment