တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းသန်း ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းသန်း ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့တက်ရောက်




ထားဝယ် မတ် ၁၆

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းသန်းက မတ်လ ၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်မှာကြားရှင်းလင်းဆွေးနွေးပြီး ဥပဒေအရာရှိများ အနေဖြင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် အဖွင့်မိန့်ခွန်းပါ လုပ်ငန်းလမ်းညွှန်အဖြစ် ဆောင်ရွက်ကြရန်နှင့် ဥပဒေအကြံပေးရာတွင် သော်လည်းကောင်း၊ အမှုလိုက်ပါဆောင်ရွက်ရာတွင် သော်လည်းကောင်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုရန်ဖြစ်ပြီး အဂတိတရားကင်းရှင်းရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးညွန့်လွင်က စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် တာဝန်ရှိသူများ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)