ငါန်းဇွန်မြို့နယ် မဂျီကျေးရွာတွင် လူနေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ် မဂျီကျေးရွာတွင် လူနေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား




ငါန်းဇွန် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မဂျီကျေးရွာအုပ်စု မဂျီကျေးရွာတွင် ယမန်နေ့ ည ၁၁ နာရီခွဲ အချိန်က လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဂျီကျေးရွာနေ ဒေါ်------- ၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဒေါ်-------- ၏ (၁၅ ပေ၊ ၁၈ပေ) မြေစိုက်၊ ထန်းရွက်မိုး၊ ပျဉ်ကာ နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့သည်။

ထိုမှတစ်ဆင့် အိမ်နီးချင်း နေအိမ် (၅) လုံး မီးကူးစက်လောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေ သယ်ယာဉ်(၁)စီးဖြင့် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါလူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးမှုနှင့် ပတ်သက်၍ ငါန်းဇွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် လူတိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။


သက်နောင်ဦး(ငါန်းဇွန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)