သာကေတ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ မတ်လ (၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကင်းထောက်သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာကင်းထောက်လူငယ်များက နိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီး ဗိုလ်တထောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ထွန်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သာကေတမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းနုနုကြည် က ကင်းထောက် လူငယ်သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပြီး ကင်းထောက် လူငယ်များက ပြည်သူ့အတွက် အဆင်သင့်သီချင်းဖြင့်လည်းကောင်း ကင်းထောက်များရဲ့ အရှေ့သို့ ခြေလှမ်းသီချင်းများဖြင့် သီဆိုခဲ့ကြပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ
https://t.me/MyanmarNationalPost
No comments:
Post a Comment